The Revolution for Freedom

Fundraising Programs

Program Bliss in Action (BiA) အဖွဲ့က CRPH ရဲ့ ပြည်သူ့တော်လှန်ရေးမိသားစုအဖွဲ့ဝင်အတွက် တရားဝင် အဖွဲ့ဝင်လက်ခံပေးတဲ့ စင်ကာပူအခြေစိုက်အဖွဲ့ ဖြစ်ပါတယ်။ အဖွဲ့ဝင်ဖြစ်လိုတယ်ဆို BiA ရဲ့ Facebook: https://www.facebook.com/Bliss-In-Action-112208411257000 ဆက်သွယ်နိုင်ပါတယ်။

PRF Members Program ပြည်သူ့​တော်လှန်​ရေးမိသားစုအစီအစဥ်

“အောင်ပွဲဆီသို့ ခြေလှမ်းညီစို့” ဆိုတဲ့ဆောင်ပုဒ်ကိုကိုင်စွဲလို့ နွေဦးတော်လှန်ရေးကြီး အဆုံးသတ်အောင်ပွဲပြီးဆုံးသည်အထိ တိုက်ပွဲဝင်သူရဲကောင်းတွေကို လစဥ်လတိုင်း ထောက်ပံ့ဖြည့်ဆည်းပေးမယ့် ပြည်သူ့တော်လှန်ရေးမိသားစုအစီအစဥ်မှာ စတင်ပါဝင်ကူညီထောက်ပံ့နိုင်ကြပြီဖြစ်လို့ အစီအစဥ်အသေးစိတ်ကို ဖော်ပြပေးလိုက်ပါတယ်။ https://fb.watch/9ZjIrXRrLr/


(၁) ပြည်သူ့တော်လှန်ရေးမိသားစု PRF Member ဖြစ်ဖို့ဘယ်လိုလျှောက်ရမလဲ

ကမ္ဘာအနှံ့အပြားမှာရှိတဲ့ OFP Official Fundraiser တွေကနေတဆင့် လျှောက်ထားသူ၏ အမည် (Name or Nickname) နှင့် Email address များ ပေးပို့လှူဒါန်းရမှာပါ။ PRF Member ဖြစ်ပြီဆိုတာနဲ့ အသိအမှတ်ပြုမှတ်ပုံတင်ကတ်လေးကို Email မှတဆင့် ထောက်ပံ့ငွေထည့်ဝင်တဲ့လတိုင်းအတွက် ပေးပို့နေမှာဖြစ်ပါတယ်။ Official Fundraiser များစာရင်းကို ဖော်ပြပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ https://ofp.crphmyanmar.org


(၂) တလကို ဘယ်လောက်ထောက်ပံ့ရမလဲ

တလကို အမေရိကန်ဒေါ်လာ ၅၀ အနည်းဆုံးထားပြီး တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ စုပေါင်းပြီး မိသားစုဝင်အဖြစ်ပါဝင်လှူဒါန်းနိုင်ပါတယ်။ လစဥ်လတိုင်း ၁ ရက်နေ့ရောက်တာနဲ့ အလှူငွေထည့်ဝင်ဖို့ ကြိုတင်သတိပေးအကြောင်းကြားစာကို Emailပေးပို့သွားမှာပါ။ တစ်လနဲ့တစ်လ မတူတဲ့ပမာဏကိုလဲ မိမိတို့ဆက်သွယ်ထားတဲ့ Fundraiser မှတဆင့် ပြောင်းလဲလှူဒါန်းနိုင်ပါတယ်။


(၃) မိသားစုဝင်ဘယ်နှဦးလက်ခံမှာလဲ

အဖွဲ့ဝင်ဦးရေ ၅သိန်းအထိ လက်ခံမှာပါ။ လတစ်လအတွက် အဖွဲ့ဝင်ဦးရေ ၅သိန်းပြည့်ပြီးပါက ထိုလအတွက် ထပ်မံလက်ခံခြင်းမပြုတော့ပါ။


(၄) Member ဖြစ်မဖြစ် ဘယ်လိုသိရမလဲ

OFP Official Fundraiser တွေထံမှာ အလှူငွေပေးသွင်းပြီးသော PRF Member တိုင်းအတွက် OFP မှ ထိုလအတွက် Digital Member Card များကို အလှူရှင်များထံသို့တိုက်ရိုက် Email ပေးပို့မှာဖြစ်ပါတယ်။


(၅) နိုင်ငံအလိုက်ငွေကြေးကွာခြားမှုကို ဘယ်လိုစီစဥ်မလဲ

လစဥ် OFP မှ အတည်ပြုထားတဲ့ နိုင်ငံအလိုက် ငွေလဲနှုန်းထားများအတိုင်း မိမိတို့ လှူဒါန်းလိုသည့်ပမာဏကို Fundraiser မှတွက်ချက်ပေးမှာဖြစ်ပါတယ်။


(၆) အလှူရှင်အမည်တူခြင်းများအတွက် ဘယ်လိုစီစဥ်ထားသလဲ

အလှူရှင်များအနေနဲ့ မိမိတို့ရဲ့ မိသားစုဝင်ကတ်နံပါတ်များကို မှတ်သားထားရပါမယ်။ အမည်တူခြင်းများရှိနေနိုင်သဖြင့် Member ID နံပါတ်ဖြင့်သာ ရှာဖွေခြင်း၊ အတည်ပြုမှတ်သားခြင်းများ ပြုလုပ်ပါမယ်။


(၇) လစဥ်ဘယ်ရက်အတွင်းလှူရမလဲ

Member အသစ်အနေနှင့် စတင်ဝင်ရောက်မည်ဆိုပါက မည်သည့်ရက်တွင်မဆို ထည့်ဝင်လှူဒါန်းနိုင်ပြီး ၎င်းလှူဒါန်းသောလအတွက် Member ID ရရှိမှာဖြစ်ပါတယ်။

Member ဖြစ်ပြီးသွားပါက နောက်လများအတွက် လစဥ် ၁၅ ရက်နေ့အားနောက်ဆုံးထား၍ ထည့်ဝင်လှူဒါန်းပေးရမှာဖြစ်ပါတယ်။


(၉) အလှူငွေတွေကိုဘယ်လိုအသုံးပြုမလဲ

PRF Member တွေရဲ့ လစဥ်လှူဒါန်းမှုတွေကို OFP Official Fundraiser များမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဦးစီး၍ နိုင်ငံတဝှမ်းရှိ ပြည်သူ့တော်လှန်ရေးအဖွဲ့များသို့ တိုက်ရိုက်ပေးပို့လှူဒါန်းသွားမှာဖြစ်ပြီး တော်လှန်ရေးကြီးအောင်မြင်ဖို့အတွက် မရှိမဖြစ်အရေးအကြီးဆုံးသော လိုအပ်ချက်များကိုသာ အဓိကထားဖြည့်ဆည်းပေးသွားမှာပါ။


အချုပ်ဆိုရရင် ပြည်သူ့တော်လှန်ရေးမိသားစု PRF Member အစီအစဥ်ဟာ အာဏာရှင်စနစ်ကိုအပြီးသတ်ချေမှုန်းမယ့် နွေဦးတော်လှန်ရေးသူရဲကောင်းတွေအတွက်

  • လှပအောင်ခြယ်သမယ့် နှုတ်ခမ်းနီတွေ၊

  • အမောပြေစေမယ့် နာနတ်သီးတွေ၊

  • ကာကွယ်ပေးမယ့် ထီးတွေ၊

  • အားအင်ဖြည့်ဆည်းပေးမယ့် ပြောင်းဖူးစတဲ့ ရိက္ခာတွေနဲ့အတူ

မီးပုံထဲကိုရောက်သွားခဲ့ရင်တောင် မာန်အပြည့်နဲ့ပြန်လည်ရှင်သန်လာမယ့် ဖီးနစ်ငှက်ရဲ့ အားမာန်မျိုးနဲ့ အနိုင်မခံအရှုံးမပေး ပြည်သူ့တော်လှန်ရေးမိသားစုဝင်တွေအဖြစ် မှတ်ကျောက်တင်ကျန်ရစ်စေမယ့် အစီအစဥ်တစ်ရပ်ဖြစ်ပါတယ်။


ပြည်သူ့တော်လှန်ရေးသူရဲကောင်းလေးတွေရဲ့ အိမ်အပြန်လမ်းဖြောင့်ဖြူးဖို့၊ သူတို့လေးတွေရဲ့ မိသားစုတွေနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းခွင့်ရဖို့၊ မြန်မာပြည်သူသန်း၅၀လုံးရဲ့ တခုတည်းသောပန်းတိုင်ဖြစ်တဲ့ နွေဦးအောင်ပွဲဆီ အမြန်ဆုံးရောက်ဖို့ ကမ္ဘာအနှံ့က ပြည်သူ့တော်လှန်ရေးမိသားစုဝင်တွေအားလုံး လက်တွေမြဲမြဲတွဲလို့ ခြေလှမ်းညီညီ လျှောက်လှမ်းနိုင်ကြစေရန် နှိုးဆော်လိုက်ရပါတယ်။